http://dl5.glitter-graphics.net/pub/845/845715drcdp7hefr.gif http://2.bp.blogspot.com/-SOaF6ic6YCk/Tn7dJA_SBvI/AAAAAAAAAn8/I4H0xt_lKEo/s000/bk_header.png http://2.bp.blogspot.com/-1_6i-o6vFgU/Tn7dNsmn5uI/AAAAAAAAApE/e38WrrEkZRI/s000/bk_footer.png http://2.bp.blogspot.com/-kYjXhJDADFs/Tn7dNeLIRnI/AAAAAAAAApA/xY742q720N0/s000/ico_bird.png http://2.bp.blogspot.com/-pvEFNTq-_3Q/Tn7dNNnBO7I/AAAAAAAAAo8/TKwfOhxNk4s/s000/bullet_star_pink.png http://4.bp.blogspot.com/-2y8ZzqEz8AQ/Tn7dM4NDDjI/AAAAAAAAAo4/Fd5z01rnBXU/s000/ico_contact.png http://3.bp.blogspot.com/-MLlhQ8LXBKc/Tn7dMvEguZI/AAAAAAAAAo0/xFHSluRiJz0/s000/ico_social_rss.png http://4.bp.blogspot.com/-rRy8A9piOfk/Tn7dMSpCxAI/AAAAAAAAAow/4vAVqFGU3Wk/s000/ico_social_facebook.png http://2.bp.blogspot.com/-x1p5ij3JhiU/Tn7dMJvLcrI/AAAAAAAAAos/7rmquWn5-ls/s000/ico_social_twitter.png http://3.bp.blogspot.com/-wif6G8rOym8/Tn7dKdrGWqI/AAAAAAAAAoM/9RmQE1yFAuU/s000/shadow_social.png http://1.bp.blogspot.com/-5EWoVSowQ6s/Tn7dLS1JoxI/AAAAAAAAAoc/2s8Qeq3XLfg/s000/post_badge.png http://2.bp.blogspot.com/-8pPce--3Zxw/Tn7dLNGV7zI/AAAAAAAAAoY/R4_zaeOU6nE/s000/ico_file.png http://2.bp.blogspot.com/-eLsmA2vB-pg/Tn7dJ2orpAI/AAAAAAAAAoI/ZFEUcLLAVhs/s000/bk_content.png http://1.bp.blogspot.com/-qibxgue371M/Tn7dJoDs1iI/AAAAAAAAAoE/LCSllkZwCY0/s000/bk_content_wrap.png http://safir85.ucoz.com/24work-blogspot/mouse-cursor/HEARTLESS-www.24work.blogspot.com-.cur

Sunday, 28 April 2013

ကို မောင်စွယ်စုံကျမ်း ဆီကကူးယူထားတာပါ


ဒီလိုတွေသာတကယ်လုပ်စားနေရင် အင်တာနက်သုံးတယ့်သူတွေမလွယ်

သတင်းတစ်ခုဖတ်မိတယ်   မြန်မာပြည်မှာ   မေးလိပ်စာတစ်ခုဖွင့်တာ  ကိုးထောင်တဲ့
နောက်ပြီး   အင်တာနက်ဆိုင်တွေက  အကောင့်တွေ  မလိမ့်တစ်ပတ် လုပ်တယ်ဆိုပဲ
ကြားရတာ အဆင်မပြေလိုက်တာဗျာ  ကျနော်ဆိုရင် အလကားဖွင့်ပေး  လာတာတွေ
အများကြီးပဲလေ မြန်မာပြည်ကသူငယ်ချင်းတွေဖွင့်ရတာ  အခက်ခဲရှိလာလို့  ကျနော်
အတတ်နိုင်ဆုံးကူညီတာပါ   ဘယ်သူပဲဖြစ်ဖြစ်ပေါ့  ပြည်ပကလူတွေက  အကူညီပေး
သင့် ပါတယ်  ဖုန်းရှိရင် 3မိနစ်အတွင်း မေးလိပ်စာတစ်ခုရပါတယ် ပြည်ပမှာက အရမ်း
လွယ်ကူနေပါတယ်   အခုပေါ်နေတဲ့   www.blumail.org   ကလည်း  Gmail လိုပါပဲ
အားလုံးအတူတူပဲ    Gtalk လည်းသုံးလို့ ရနေတော့  မြန်မာပြည်က  လူတွေအတွက်
မေးလိပ်စာဖွင့်ရတာ အဆင်ပြေပါပီ blumain.org လေးပဲကွာတာ  အားလုံးသုံးရတာ
အဆင်ပြေပါတယ်  သုံးတဲ့သူတွေလည်း  သုံးနေကြပါပြီ ဖုန်းနံပတ်မလိုတော့  အားလုံး
အလွယ်တကူဖွင့်တတ်ကြမှာ  အကယ်၍  ဒီသတင်းလေးကို   သင်ဖတ်မိတယ်ဆိုရင်
မြန်မာပြည်က အခြေခံပညာသင် ၀ါသနာတူ  သူငယ်ချင်းများ ဖြန့် ဝေပေးကြပါရန်နှင့်
ပြည်ပမှာနေသူများကလည်း  အတတ်နိုင်ဆုံး  ကူညီပေးကြပါရန်  မောင်(စွယ်စုံကျမ်း)
ကတောင်းဆိုချင်ပါတယ်   ကျနော့်မေးလိပ်စာကိုလည်း   ဖိတ်ပီး  အကူညီတောင်းနိုင်
သလိုကျနော့်သူငယ်ချင်းတွေ  လိပ်စာကိုလည်း  မကြာခင် တင်ပေးထားမှာပါ  မြန်မာ
ပြည်က  သူငယ်ချင်းများ  အဆင်ပြေစေ ရန် ရည်ရွယ်ပြီး    မောင်(စွယ်စုံကျမ်း)  ကို
9.9.2011 မှ   စတင်ပြီး 3နှစ်စာ ကိုယ်ပိုင်ဒိုမိန်းဖြင့် လွှင့်တင်ထားပြီ     ဖြစ်ကြောင်း
အသိပေးအပ်ပါတယ် ......။


သတင်းအပြည့်အစုံ ကိုတော့ ...http://www.mizzimaburmese.com
Gmail ရောင်းရန် ရှိသည်ထွန်းထွန်း | သောကြာနေ့၊ 9.9.2011

နယူးဒေလီ (မဇ္ဈိမ) ။       ။ “Verify Gmail Gtalk  အကောင့်ခ်အသစ်ဖွင့်ခြင်း ၉,ဝဝဝ ကျပ်၊ Gmail အကောင့်ခ်အား 7GB, Storage မှ 27 GB Storage Update လုပ်ခြင်း ၉,ဝဝဝ ကျပ်။ မိမိ Gmail အကောင့်ခ်အတွင်း Verification
ဖြစ်ခြင်း၊Lock ကျခြင်းဖြစ်ကာ အကောင့်ခ်ထဲသို့ ဝင်မရသူများအား အထူး ဝန်ဆောင်မှု
ပေးသည်။”

ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် အိုင်တီဂျာနယ်တခုတွင် ပါရှိသည့် ကြော်ငြာကြောင့်
 ဂျီမေးလ်ကို အခမဲ့ အသုံးပြုခွင့် ရနေသူများကို အံအားသင့်စေမှာ ဖြစ်သည်။

“ကိုးထောင်ပါပဲ အကို။ နိုင်ငံခြားက အသိတွေက လုပ်ပေးတာပါ။ ကျနော်တို့က တဆင့်
ပြန်လုပ်ပေးတာ ဆိုတော့လေ။ ကျနော်တို့က အကောင့်ခ်တခုကို ဘယ်လောက်ပေါ့”
ဟု ဝန်ဆောင်မှု လုပ်ငန်းတခုမှ တာဝန်ရှိသူ တဦးကပြောပြသည်။

ယင်းကဲ့သို့ ဝန်ဆောင်မှု လုပ်ငန်းများ ထွက်ပေါ်လာရခြင်းမှာ မြန်မာနိုင်ငံ၌ လွန်ခဲ့သည့်
ခြောက်လခန့်မှစ၍ ဂျီမေးလ်ကို အခမဲ့   ဝန်ဆောင်မှုပေးနေရာမှ     လုံခြုံရေးအတွက်
Verification Code ထည့်သွင်းရသည့် စနစ်  ကျင့်သုံးလာခြင်းမှ အခြေခံ ဖြစ်ပေါ်လာရ
ခြင်း ဖြစ်သည်။

ဂူဂဲလ်က မိမိထံတွင် အကောင့်ခ်အသစ် ပြုလုပ်လိုလျှင် ဖြစ်စေ၊ Code မထည့်သွင်းနိုင်
သဖြင့် ဖွင့်မရ ဖြစ်နေသည့်မေးလ်အဟောင်းအား ပြန်ဖွင့်လိုလျှင်ဖြစ်စေ သုံးစွဲသူ မှန်
ကန်ကြောင်း အတည်ပြုချက် အနေဖြင့် Verification Code တောင်းယူလေ့ရှိပြီး ယင်း
ကုတ် ရယူရန် အတွက် မိမိ၏ လက်ကိုင်ဖုန်းနံပါတ်ကို ပေးရလေ့ ရှိသည်။

ယင်းနောက် Verify Code ကို ဖုန်းသို့ SMS ဖြစ်သော်လည်းကောင်း၊ အသံဖြင့် သော်
လည်းကောင်း ပြန်လည်ပေးပို့ကာ ထိုကုတ်ရမှ သာလျှင်နောက်ဆုံး အဆင့်အဖြစ် မေး
လ်ကို ဝင်ရောက် အသုံးပြုနိုင်မည် ဖြစ်သည်။

အခြားနိုင်ငံများတွင် Verify Code ရယူရန် အတွက် လက်ကိုင်ဖုန်း ရှိရုံဖြင့် အဆင်ပြေ
 နေကြသော်လည်း မြန်မာပြည်မှ ဖုန်းနံပါတ်များ ထည့်သွင်းသော်လည်း “Sorry, the
selected country is not supported for verification” ဟုသာ အကြောင်းပြန်လာပြီး
မေးလ်အကောင့်ခ်သစ်များ ပြုလုပ်မရခြင်း ဖြစ်သည်။

ရှိပြီးသား အကောင့်ခ်ဟောင်းများအတွက်လည်း လုံခြုံရေးအတွက် လွန်ခဲ့သည့်နှစ်
စက်တင်ဘာလလောက်ကမှ စတင် တောင်းယူမှုရှိခဲ့သည်ဟု ရန်ကုန်မြို့ရှိ အင်တာ
နက်သုံးစွဲသူများထံမှ သိရသည်။

“အရင်တုန်းကတော့ ရတယ်။ အရင်တုန်းက ဖုန်းနံပါတ်တွေ ဘာတွေ မတောင်းဘူးပေါ့
။ နောက်ပိုင်းကျတော့ Gmailက ကျနော်တို့လို အကောင့်ခ် ဖွင့်မယ်ဆို ဖုန်းနံပါတ်တွေ
တောင်းလာတာပေါ့။ Verify လုပ်ပါဆိုပြီးတော့။တောင်းလာတော့ ကျနော်တို့က ရိုက်မ
ယ်ဆိုရင် မရဘူး” ဟု ရန်ကုန်မြို့ခံ အင်တာနက်သုံးစွဲသူ တဦးက ဆိုသည်။

အင်တာနက်သုံးစွဲသူများအကြား အခက်အခဲတွေ့နေရခြင်းမှာ ဂူဂဲလ်မှ လုံခြုံရေးစနစ်
 တိုးမြှင့်ခြင်းကြောင့်သာ မဟုတ်ဘဲ မြန်မာနိုင်ငံရှိ လက်ကိုင်ဖုန်းများတွင် SMS စာပို့စ
နစ် ဖွင့်ပေးမထားခြင်းက အဓိကကျသည်ဟု အင်တာနက် သုံးစွဲသူများက သုံးသပ်
သည်။

“အဓိက ကတော့ အကိုရာ။ SMS အဝင် မရတာပေါ့နော် ဒါပါပဲ။ မြန်မာပြည်မှာ SMS
 အဝင်မရတဲ့ အတွက်ကြောင့်မို့လို့ Verify လုပ်လို့ရှိရင် နိုင်ငံခြား SIM ကတ်ကနေ
လုပ်ရတာပေါ့။ တခြားတော့ ဘာမှ မရှိပါဘူး။ အဓိက Point ကတော့ ဒီသဘောပါပဲ”
 ဟု ဝန်ဆောင်မှု လုပ်ငန်းတခုမှ တာဝန်ရှိသူက ဆိုသည်။

ယင်းကဲ့သို့ နည်းပညာ အခက်အခဲများကြောင့် ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင် တချို့
တွင်လည်း ယခုကဲ့သို့ ဝန်ဆောင်မှု ပေးမှုများ ရှိလာပြီး အချို့ဆိုင်များတွင်မူ
အကောင့်ခ်သစ် ဖြစ်လိုပါက ၃,ဝဝဝနှင့် ဖွင့်မရဘဲဖြစ်နေသည့် မေးလ်များ ပြန်လည်
ဖွင့်လိုပါက ၈,ဝဝဝ ကျပ်အဖြစ် သတ်မှတ် ကောက်ခံမှုများ ရှိနေသည်။

“သမီးတို့ လမ်းထိပ်မှာ အင်တာနက်ဆိုင် ရှိတယ်။ ၅ဝဝ ပေးရတယ်” ဟု သာကေတ
မြို့နယ်တွင် နေထိုင်သည့် မနန္ဒာက ဆိုသည်။ ဝန်ဆောင်ခနှုန်းကောက်ခံသည့် ဆိုင်
များမှာ တဆိုင်နှင့် တဆိုင် မတူညီကြပေ။

ဂျီမေးလ်အပြင် အခြားသော အခမဲ့ရနိုင်သည့် မေးလ်များရှိနေသော်လည်း လွယ်လင့်
တကူ အသုံးပြုနိုင်ခြင်း၊ မြန်မာစာ ရိုက်နိုင်ခြင်း၊ အသံဖြင့်ဖြစ်စေ ရုပ်ဖြင့်ဖြစ်စေ အမျိုးမျိုး
အသုံးပြုနိုင်ခြင်းကြောင့် ဂျီမေးလ်ကို လူသုံးများသည်။

ဂျီမေးလ်အတွင်း မေးလ်လိပ်စာတခု ထပ်ပေါင်းထည့်ခြင်း Add မည်ဆိုပါက မြန်မာဘာ
သာမှ အင်္ဂလိပ်၊ ပါဋ္ဌိ အပြင် အခြားသော ဘာသာစကားများသို့ ဘာသာပြန်ဆိုပေးနိုင်
သည့် ဆော့ဖ်ဝဲလ်များ တီထွင်နေကြခြင်းက သက်သေ တခုပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူပေါင်း ၅ သိန်း ဝန်းကျင်ခန့်ရှိနေပြီး တရားဝင်
အများပြည်သူသုံး အင်တာနက် ဆိုင်ပေါင်း ၈ဝ၂ ခုရှိကြောင်း မြန်မာအင်ဖိုတက်ခ်က
၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ စာရင်းများအရ သိရသည်။

ယခုပြုလုပ်လိုက်သည့် Verify စနစ်ကြောင့် အကောင့်ခ်သစ် ဖြစ်လိုသူများအတွက်
ပြဿနာ မရှိသော်လည်း  အကောင့်ခ်ဟောင်း Lock ဖြစ်နေသူများမှာမူ ဒုက္ခရောက်
နေကြသည်။ မိမိမေးလ်အတွင်း သိမ်းဆည်းထားသည့် အချက်အလက်များအပြင်
အခြားသော အဆက်အသွယ်များ ပြတ်တောက်ကုန်သည့်အတွက် အခက်တွေ့နေရ
သည်။

ကိုမင်းမင်းသည် လွန်ခဲ့သည့် ၁ဝ နှစ်ကျော်မှစ၍ ဂျီမေးလ်ကို မိမိနာမည်အရင်းဖြင့်
အသုံးပြုခဲ့သူဖြစ်ကာ ယခု စနစ်သစ်ကြောင့် Verify Code မထည့်နိုင်သည့် အတွက်
 ဖွင့်မရဘဲ အခြားမေးလ်တခုဖြင့် အသုံးပြုနေရသူ ဖြစ်သည်။

သို့သော် ဝန်ဆောင်မှုလုပ်ငန်းများမှ ပြုလုပ်ပေးသည့် မေးလ်အကောင့်ခ်များမှာ
လုံခြုံစိတ်ချရမှု နည်းပါးပြီး ပြုလုပ်ပေးသူမှ ပြန်လည်ခိုးယူမှုတွေလည်း ရှိကြောင်း
အင်တာနက် လုံခြုံရေး ဘာသာရပ် ကျောင်းသားများက သတိပေးထားသည်။

“အဲဒီလိုဖွင့်ပေး၊ ပြီးလဲပြီးရော ပိုင်ရှင်မသိအောင် Hack လို့ ရသွားရော။ ပိုင်ရှင်က
 သုံးလို့ ခြောက်လ၊ တနှစ်နေရင် စကားဝှက်မှားလို့ ဘာညာဆိုပြီး လုပ်ထားတဲ့ ဖုံးနံ
ပတ်နဲ့ စကားဝှက် ပြန်တောင်းပြီး ယူလိုက် ရုံပဲလေ။ အဲဒီလိုနဲ့ပြည်တွင်းက ဂျီမေလ်း
တွေ ပါကုန်တာ မနည်း။ အဲဒီလိုပါသွားရင် မေးလ်ထဲက အချက်အလက်တွေ ကုန်ပြီ
လေ။ ပုဂ္ဂိုလ်ရေး အချက်အလက်တွေအစ ပါကုန်ပြီလေ” ဟု အင်တာနက် လုံခြုံရေး
ဘာသာ အဓိကဖြင့် ကျောင်းတက်နေသူ ကိုမောင်မောင်က ပြောဆိုသည်။

ဝန်ဆောင်မှုကို မကျေနပ်သော်လည်း အရေးကြီးသည့် အချက်အလက်များနှင့် ပုဂ္ဂိုလ်
ရေးဆိုင်ရာ အချက်အလက် များကို မေးလ်အတွင်း သိမ်းဆည်းထားသူများကတော့
 ဝန်ဆောင်မှု လုပ်ငန်းများကို အားကိုး နေရသည်။ ယင်းသို့ အားမကိုးလိုသူများမှာမူ
 ပြည်ပရှိ မိမိအသိမိတ်ဆွေများကို အကူအညီတောင်း ဖွင့်လှစ်ခိုင်းနေရတော့သည်။

No comments:

Post a Comment